Tuesday, January 10, 2017

နောက်ဆုံးတော့

ပွဲပြတ်မဲ့နေ့
=======

ငါက အကောင်လို့
မာနထောင်ပြီး
သဘာဝဘောင်ကို ကျော်လဲကျော် ။

ငါအသိဆုံးလို့
ဇာတိဖုံးပြီး
ကမ္ဘာအထိကြုံးလို့အော်ချင်အော် ။

အလှမာန်တက်ပြီး
ည နံနက်တိုင်း
ဘဝဟန်ချက်တွေ ဖျက်ချင်ဖျက် ။

အကြောင်းကြောင်းပြပြီး
ထောင်းလမောင်းထအောင်
ခေါင်းပေါင်းစတွေ ထောင်ချင်ထောင် ။

ရွှေပုံထက်မှာ
ငွေဂုဏ်တက်ပြီး
မြေဝသုန်အက်အောင် ကြွားချင်ကြွား ။

နောက်ဆုံးတော့
မဟုတ်မခံ အကဲဆတ်လဲ
ရုပ်နာမ် အတွဲအစပ်က
သုဿာန်မှာပွဲပြတ်မယ်ဆိုတဲ့အကြောင်း။

    နေမိုးညို
 နေမိုးညို
    11-1-2017

လို

တခုလို
*******
ကံရှိပေ ငြား
ဥာဏ်နည်းပါးသူ
ဝိရိယ ကူ လည်း
အကျိုးနည်း၏။       ။

ိဝိရိယ ပြောထူ
ဥာဏ် ပင် ကူ ငြား
ကံနည်းပါး၍  အကျိုးမရ
ဖြစ်တတ်စွ ၏။           ။

ရှေ့ကံကြီး  ပြန်
ဥာဏ်ယှဉ် ပြန်လည်း
ဝိရိယ အားထုတ်
အလုပ်မလုပ်က
ဖျဉ်းသိမ် သေးနုပ်
အကျိုးယုတ်၏။           ။

ကို ဧည့်သည်
Nov17, 2015
9:00 pm

ံ

Monday, January 9, 2017

koaunglinwainine: လွတ်မြောက်နယ်မြေ

koaunglinwainine: လွတ်မြောက်နယ်မြေ: လွတ်မြောက်နယ်မြေ ********-****** လူဟူသည် ******** လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီး နိုင်ခွင့် ရ...

koaunglinwainine: လွတ်မြောက်နယ်မြေ

koaunglinwainine: လွတ်မြောက်နယ်မြေ: လွတ်မြောက်နယ်မြေ ********-****** လူဟူသည် ******** လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီး နိုင်ခွင့် ရ...
အထင်မလွဲနဲ့
**********
တောတောင်လျှို မြောင်
ချောင်ခြို ချောင်ကြား
ငါလျှင် သွား
ဘယ်အရာ ကား ဆွဲဆောင်လတ်။

ကိုယ်ချစ်သောသူ
မသည်းအူသည်
တောသူ စစ်စစ် ဖြစ်သည်မှတ်။

ကိုနိုင်း
Jan8, 2017
10:53 pm
aunglinwaiwai@yahoo.com
aunglinwaiwai.blogspot.com