Monday, October 10, 2016

ကြောက်ပါသည်

တကဲ့ ကိုယ့်ဘဝ
******************
"အို ဘာကိုထောက် ကြောက်ရမလဲ"
စပြီတလွဲ
ကဗျာ ထဲ မှာ
 ပြန်ဖြေ ဆဲ ဟန် မုသားသံ။

အမှန်ဆိုက
ကြောက်လှပါသည်။

ရှေ့သို့သွားဘိ နောက်ပြန်ကြည့်
ပေတိ ပေကပ်
ဒုန်းပေကပ်သပ် မရပ်မနား
ဝါးတားတား။

မကြောက်သည့်ဟန် မာမာထန်နှင့် ဒေါမာန်မူလ အကုသလစိတ်  တိတ်တိတ်လေးဆွယ် ဘေးရန်ပယ်ကင်း မျက်နှာထားတင်း နေရခြင်းကို အချင်းချင်းလူ အူစင်းသူ
အတွင်းလူ ပဲသိပါတယ်။

တပုဒ်ကဗျာ သည်လိုပါသေး
ဒေါသကြီးဟန် မာထန်ထန်နှင့် မျက်မာန်ဟန်တင်းနေထိုင်ခြင်းသည်
အရှုံးချည်းသာ  ဗာလချာတဲ့။

ဘယ်လိုနေနေ ပြောပေ မလွတ် ဟီးဟီး
ဟားဟား စကားများပြီး ပလူးပလဲနေပြန်ပါလဲ တလွဲ တွေးကြ သဘာဝမို့ ဒုက္ခကြီးသာ
ဗလာနတ္တိ လူ့အန္ဓိ ခေါ်ကြပြန်ဘိ။

ကြောက်ပါ သော်ကော သဘောအမှန် ဆိုပြန်ကလည်း တမျိုးတမည် ထင်ပါလေမည်
ခက်ရချည် သေး
ပေါက် နှယ် ကျေး။

တတ်နိုင်ဖူးလေ ခပ်တည်တည်ဖိန့် ဟိတ်ဆိုတိတ်ရန် ယောကျာ်းမာန်သုံး
အံကြိတ်ဝုန်း သော်။

အို ဘာကိုထောက် ကြောက်ရမလဲ
သဟဲဖော်ညှိ သတ္တိရှိပြီ  ချစ်သည်သဟာ
ဇွဲလဲပါသည် မကွာထပ်လောင်း ငယ်ကပေါင်းသည့် ဆွေကောင်းလုံးလ တူတကွ ဘေးကတူယှဉ် ပါခဲ့ လျှင် သော် ငါတွင်သေချာ ဘာညာ ဘာညာ
ကျန်တာ
ကဗျာအလို့အတိုင်း။    ။

ကိုဧည့်သည်
30th 6, 2016
4:50 PM

No comments:

Post a Comment