Tuesday, January 10, 2017

နောက်ဆုံးတော့

ပွဲပြတ်မဲ့နေ့
=======

ငါက အကောင်လို့
မာနထောင်ပြီး
သဘာဝဘောင်ကို ကျော်လဲကျော် ။

ငါအသိဆုံးလို့
ဇာတိဖုံးပြီး
ကမ္ဘာအထိကြုံးလို့အော်ချင်အော် ။

အလှမာန်တက်ပြီး
ည နံနက်တိုင်း
ဘဝဟန်ချက်တွေ ဖျက်ချင်ဖျက် ။

အကြောင်းကြောင်းပြပြီး
ထောင်းလမောင်းထအောင်
ခေါင်းပေါင်းစတွေ ထောင်ချင်ထောင် ။

ရွှေပုံထက်မှာ
ငွေဂုဏ်တက်ပြီး
မြေဝသုန်အက်အောင် ကြွားချင်ကြွား ။

နောက်ဆုံးတော့
မဟုတ်မခံ အကဲဆတ်လဲ
ရုပ်နာမ် အတွဲအစပ်က
သုဿာန်မှာပွဲပြတ်မယ်ဆိုတဲ့အကြောင်း။

    နေမိုးညို
 နေမိုးညို
    11-1-2017

No comments:

Post a Comment