Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Thursday, September 14, 2017
သုည
သုည
****
အရင် မရှိ
ခု မရှိ
နောင်လည်း မရှိ
ပကတိ။ ။
မရှိမူ ၏ အမှန်အရှိ
ရှိနေငြားလည်း လူမသိ။ ။
သိပါငြားလည်း ပြစရာမရှိ
အမှန်ရှိ၏ ပရမတ်အသိ
နတ္တိ အတ္တိ ဆင်ခြင်ဘိ။ ။
ကိုဧည့်သည်
June15, 2016
2:43 AM
Tuesday, May 2, 2017
ဘယ်လိုဆယ်
နေရစ်တော့
***********
အိပ်လဲ ပေါ့ပေါ့
စား ပေါ့ပေါ့ နှင့်
အားလျော့ လျက်သာ
ဒို့မြန်မာကို
ဘယ်ခါ ဆယ်မ ရ မှာလဲ။ ။
သွားတော့ နှေးနှေး
လုပ်နှေးနှေး နှင့်
ဥာဏ်ဝေး လျက်သာ
ဒို့မြန်မာကို
ဘယ်ခါ ကယ်မ ရမှာလဲ။ ။
မတွေး မကြံ
အမှန်မပြော
မာယာတော မှာ
ပျော်မွေ့လျက်သာ
ဒို့မြန်မာကို
ဘယ်သူ ကယ်မ ကြမှာလဲ။ ။
ကိုနိုင်း
Dec 15 , 2015
11:31 AM
***********
အိပ်လဲ ပေါ့ပေါ့
စား ပေါ့ပေါ့ နှင့်
အားလျော့ လျက်သာ
ဒို့မြန်မာကို
ဘယ်ခါ ဆယ်မ ရ မှာလဲ။ ။
သွားတော့ နှေးနှေး
လုပ်နှေးနှေး နှင့်
ဥာဏ်ဝေး လျက်သာ
ဒို့မြန်မာကို
ဘယ်ခါ ကယ်မ ရမှာလဲ။ ။
မတွေး မကြံ
အမှန်မပြော
မာယာတော မှာ
ပျော်မွေ့လျက်သာ
ဒို့မြန်မာကို
ဘယ်သူ ကယ်မ ကြမှာလဲ။ ။
ကိုနိုင်း
Dec 15 , 2015
11:31 AM
Sunday, April 30, 2017
မောင့်ငယ်ကျွမ်း
* မောင့်ငယ်ကျွမ်း *
*************
ဥဩတွန် ကျူး....
ရာသီ တန်ခူး
နွေဦး ရောက်ပြီ မေ။
မယ့်ဆီ အလွမ်း.....
ရင်ဝယ်တမ်း
ငယ်ကျွမ်း ချစ်ဦးရေ။ ။
နေ့စဉ် ရက်ဆက်
သွန်းဖြန်းပက်
လွမ်းလျက် မိုးဆွေ
ဖြိုင်ဖြို င်ဝေ
ဆွေးမြေ့ သံသရာရှည်။ ။
ကိုဧည့်သည်
Feb 16,2017
9:00PM
*************
ဥဩတွန် ကျူး....
ရာသီ တန်ခူး
နွေဦး ရောက်ပြီ မေ။
မယ့်ဆီ အလွမ်း.....
ရင်ဝယ်တမ်း
ငယ်ကျွမ်း ချစ်ဦးရေ။ ။
နေ့စဉ် ရက်ဆက်
သွန်းဖြန်းပက်
လွမ်းလျက် မိုးဆွေ
ဖြိုင်ဖြို င်ဝေ
ဆွေးမြေ့ သံသရာရှည်။ ။
ကိုဧည့်သည်
Feb 16,2017
9:00PM
Tuesday, January 10, 2017
နောက်ဆုံးတော့
ပွဲပြတ်မဲ့နေ့
=======
ငါက အကောင်လို့
မာနထောင်ပြီး
သဘာဝဘောင်ကို ကျော်လဲကျော် ။
ငါအသိဆုံးလို့
ဇာတိဖုံးပြီး
ကမ္ဘာအထိကြုံးလို့အော်ချင်အော် ။
အလှမာန်တက်ပြီး
ည နံနက်တိုင်း
ဘဝဟန်ချက်တွေ ဖျက်ချင်ဖျက် ။
အကြောင်းကြောင်းပြပြီး
ထောင်းလမောင်းထအောင်
ခေါင်းပေါင်းစတွေ ထောင်ချင်ထောင် ။
ရွှေပုံထက်မှာ
ငွေဂုဏ်တက်ပြီး
မြေဝသုန်အက်အောင် ကြွားချင်ကြွား ။
နောက်ဆုံးတော့
မဟုတ်မခံ အကဲဆတ်လဲ
ရုပ်နာမ် အတွဲအစပ်က
သုဿာန်မှာပွဲပြတ်မယ်ဆိုတဲ့အကြောင်း။
နေမိုးညို
နေမိုးညို
11-1-2017
=======
ငါက အကောင်လို့
မာနထောင်ပြီး
သဘာဝဘောင်ကို ကျော်လဲကျော် ။
ငါအသိဆုံးလို့
ဇာတိဖုံးပြီး
ကမ္ဘာအထိကြုံးလို့အော်ချင်အော် ။
အလှမာန်တက်ပြီး
ည နံနက်တိုင်း
ဘဝဟန်ချက်တွေ ဖျက်ချင်ဖျက် ။
အကြောင်းကြောင်းပြပြီး
ထောင်းလမောင်းထအောင်
ခေါင်းပေါင်းစတွေ ထောင်ချင်ထောင် ။
ရွှေပုံထက်မှာ
ငွေဂုဏ်တက်ပြီး
မြေဝသုန်အက်အောင် ကြွားချင်ကြွား ။
နောက်ဆုံးတော့
မဟုတ်မခံ အကဲဆတ်လဲ
ရုပ်နာမ် အတွဲအစပ်က
သုဿာန်မှာပွဲပြတ်မယ်ဆိုတဲ့အကြောင်း။
နေမိုးညို
နေမိုးညို
11-1-2017
လို
တခုလို
*******
ကံရှိပေ ငြား
ဥာဏ်နည်းပါးသူ
ဝိရိယ ကူ လည်း
အကျိုးနည်း၏။ ။
ိဝိရိယ ပြောထူ
ဥာဏ် ပင် ကူ ငြား
ကံနည်းပါး၍ အကျိုးမရ
ဖြစ်တတ်စွ ၏။ ။
ရှေ့ကံကြီး ပြန်
ဥာဏ်ယှဉ် ပြန်လည်း
ဝိရိယ အားထုတ်
အလုပ်မလုပ်က
ဖျဉ်းသိမ် သေးနုပ်
အကျိုးယုတ်၏။ ။
ကို ဧည့်သည်
Nov17, 2015
9:00 pm
ံ
*******
ကံရှိပေ ငြား
ဥာဏ်နည်းပါးသူ
ဝိရိယ ကူ လည်း
အကျိုးနည်း၏။ ။
ိဝိရိယ ပြောထူ
ဥာဏ် ပင် ကူ ငြား
ကံနည်းပါး၍ အကျိုးမရ
ဖြစ်တတ်စွ ၏။ ။
ရှေ့ကံကြီး ပြန်
ဥာဏ်ယှဉ် ပြန်လည်း
ဝိရိယ အားထုတ်
အလုပ်မလုပ်က
ဖျဉ်းသိမ် သေးနုပ်
အကျိုးယုတ်၏။ ။
ကို ဧည့်သည်
Nov17, 2015
9:00 pm
ံ
Sunday, January 8, 2017
Sunday, July 24, 2016
Subscribe to:
Posts (Atom)
