နေရစ်တော့
***********
အိပ်လဲ ပေါ့ပေါ့
စား ပေါ့ပေါ့ နှင့်
အားလျော့ လျက်သာ
ဒို့မြန်မာကို
ဘယ်ခါ ဆယ်မ ရ မှာလဲ။     ။
သွားတော့ နှေးနှေး
လုပ်နှေးနှေး နှင့်
ဥာဏ်ဝေး လျက်သာ
ဒို့မြန်မာကို
ဘယ်ခါ ကယ်မ ရမှာလဲ။         ။
မတွေး မကြံ
အမှန်မပြော
မာယာတော မှာ
ပျော်မွေ့လျက်သာ
ဒို့မြန်မာကို
ဘယ်သူ ကယ်မ ကြမှာလဲ။       ။
ကိုနိုင်း
Dec 15 , 2015
11:31 AM