Thursday, September 14, 2017
သုည
သုည
****
အရင် မရှိ
ခု မရှိ
နောင်လည်း မရှိ
ပကတိ။ ။
မရှိမူ ၏ အမှန်အရှိ
ရှိနေငြားလည်း လူမသိ။ ။
သိပါငြားလည်း ပြစရာမရှိ
အမှန်ရှိ၏ ပရမတ်အသိ
နတ္တိ အတ္တိ ဆင်ခြင်ဘိ။ ။
ကိုဧည့်သည်
June15, 2016
2:43 AM
wai lin aung: မိတ်ရန်
wai lin aung: မိတ်ရန်: ရန် မိတ် ****** မိတ်ထဲ က ရန် ရှိနေပြန် အမှန် ဘယ် လို ခွဲ ရမယ်။ ရန်ထဲက မိတ် ထိုအရိပ် သည် နိမိတ်ကို သိသင့်တယ်။ အမှန်သိ စိတ် ခက်ခဲ...
Wednesday, September 13, 2017
ကိုး
ကိုး
**
ကိုးအကြောင်းလဲရေးပါ ဦးဟု အထက်ကညွှန်ကြားလာပါသည်။ အထက်ကဆို၍ တောင်တွေးမြောက်တွေး မတွေးတော စေလိုပါ။ အထက်ဟူသည်ကား အွန်လိုင်းပေါ်က ဖြစ်ပါသည်။ ဖေ့ဘုတ် တွစ်တာ စသည့် ဆိုရှယ် နက်ဝက် များပေါ်က တစုံတယောက်ယောက်က တောင်းဆိုခြင်းကို အကြောင်းပြု ၍ ဆိုပါသည်။
၉ အကြောင်းကို ရေးရန် တောင်းဆိုပါသည် ဟု ဆိုသူက စာတကြောင်းမျှ သာ ရေးရသည်။
ရေးရသူအတွက်က သည်လောက်မလွယ်ကူပါ။ ကိုးသည် တကြောင်း တပါဒ နှင့် လုံလောက်ခြင်းမရှိ ပါချေ။
ကိုးသည် ကိုးဖြစ်ပါသည်။ အရေအတွက်ကိုဆိုရသော် ရှစ်ခုမြောက်ကိုတ ကြိမ်ပြန်ထည့်၍ ပေါင်းထားခြင်းသာ ဖြစ်သည်။ တချိ့ နဝင်းဟု ခေါ်ကြသည်။ ကိုးသည် နဝင်းမဟုတ်ပါ။ ကိုးနဝင်းဟု သုံးနှုံး ခေါ်ဝေါ် ပြောဆိုကြပါသည်။ ကိုနဝင်း အကြောင်းက သီးသန့်တင်ပြပါမည်။
ကိုးသည် ကိုးဖြစ်ပါသည်။ 'နဝ'သည် ပါဋ္ဌိ လို ကိုးဖြစ်ပါသည်။
နော ဧက နော ဟုလည်းကြားဖူးပါသည်။
ကိုးတလီ ကိုး ဟူ၏။
နဝင်းသည် အရှိန်အစော်အာနုဘော်ဖြစ်ပါသည်။ တနည်းဆိုရသော် တန်းခိုး ဖြစ်သည်။ တန်ဖိုးဖြစ်ပါသည်။ ဂုဏ် ဖြစ်သည်။ ကြီးမြတ်ခြင်း အာနုဘော် တန်ဖိုး အနှစ်သာရ ဖြစ်ပါသည်။
ကြောက်စရာမျိုး ၉၉ ဟူ၍ ကြားဖူးသည်။ကြောက်စရာ ၉၉ ပါး ရရှိပုံကို အားလပ်ပါက ရေးပါဦးမည်။ တန်ခိုးရှိသော ကြောက်စရာ ၉၉ ပါးရှိပါသည်။
ဝဋ် ကံ ကြမ္မာ သုံးပါး သည် လဲ အလွန်အစွမ်းထက်၍ ကြောက်စရာ ကောင်းပါသည်။ အစွမ်းထက်သည်။ တန်ခိုးရှိသည်။ အရှိန်အစော်ရှိသည်။
အစွမ်းထက်လှပါသောအရာ ၉၉ ပါးမှ
ကြောက်စရာ အလွန်ကောင်းပါသော
ဝဋ် , ကံ နှင့် ကြမ္မာ သုံးပါးကို ကို နုတ်ပါသော် ၉၆ ပါး ရပါသည်။ ၉၆ ပါးသည်လည်း အလွန်ကြောက်စရာကောင်းပါသည်။ ၉၆ ပါးကို ရောဂါဟု လူ တော်တော်များများ သိကြပါသည်။ မြန့်မာ့ တိုင်းရင်းဆေးကျမ်းတွင် ၉၆ ပါးကို အတိအကျ ဖော်ပြထားပါသည်။ စာလေးမည်စိုးပါ၍ ဖော်ပြခြင်းငှာ မစွမ်းသာပါ။ အလွတ်လဲမရပါ။ ၉၆ ပါးအကြောင်းကို အလျှင်းသင့်ပါက တင်ပြပါမည်။
၉၆ ပါး ဖြစ်ပေါ်လာပုံအစား ၉ အကြောင်သာ သိသလောက် ဆိုပါမည်။
ကိုးသည် ကြိယာ အဖြစ် အသုံးပြုပါက ကိုးကွယ်သည်။ မျှော်ကိုးသည်။ အားကိုးသည်။ ကိုးသည်( ပသ ပုဇော်) ။ ကိုးစားသည် ဟူ၍ သုံးကြသည်။
ကြိယာ ဝိသေသန အဖြစ် အားကိုးတကြီး
အရဲကိုးစား စသည်ဖြင့်သုံးကြသည်။
သချာင်္နာမဝိသေသန အဖြစ် တကျိတ်ကိုးယောက် ဂုဏ်တော် ကိုးပါး ဟူ၍ သုံးစွဲ ကြပါသည်။
ကိုးနဝင်း ဟူ၍လည်း သုံးစွဲကြသည်ကိုလူတိုင်းသိကြပါသည်။ ကိုးသည် ကိုးဖြစ်ပါ၍ နဝင်းကို တန်ခိုး အရှိန် အစော် အာနုဘော်ဟူ၍ ရှင်းပြခဲ့ပါသည်။
ကိုးနဝင်း ဟူသည်ကား ကိုး၏ တန်းခိုး ဟု ဆိုသတည်း။ သို့တည်း မဟုတ် ကိုး၏ အရှိန် အဝါ ဖြစ်ပါသည်။ တန်ခိုးရှိသောကိုး ဟု ဆိုလျှင် လည်း ရပါသည်။
ကိုးသည် ကိုး တန်ခိုး ကိုး အရှိန် အဝါ ရှိပါသည်။ ၁သည်လည်း
၁ တန်ခိုး ၁အရှိန် အဝါ ရှိပါသည်။
ထို့နည်းအတူ ၅ သည်လည်း
၅အရှိန်အဝါ ၅ အာနုဘော် ၅ တန်ခိုး ၅ အစွမ်း ၅ အင်အား ၅ အရောင် ၅ဂုဏ်သတ္တိ ရှိသည်သာတည်း။
ထိုကြောင့် ၁သည်နဝင်း နှင့်တွဲ၍ တစ်နဝင်း ခေါ်နိုင်သကဲ့သို့ ၂ သည်လည်း နဝင်းနှင့် တွဲ၍ နှစ် နဝင်း ခေါ်ဆိုနိုင်ပါသည်။
အချိန်ရပါလျှင် ၁နဝင်း ၂
နဝင်း ၃ နဝင်း ၄ ၅ နဝင်း ၆၇၈ စသည့် နဝင်းအကြောင်း နှင့် ကိုးနဝင်းအကြောင်းများကို ရေးပါမည်။၁လဲ ၁ဂုဏ် ၂ လဲ နှစ်ဂုဏ်။ ၃ သည်လဲ သုံး ဂုဏ် သုံး အစွမ်းနှင့်သာလျှင်တည်း။
ဤနေရာတွင်
ငယ်စဉ်က သင်ခဲ့ရပါသည့် ကဗျာ တပုဒ်ကို သတိရမိပါသည်။
ဖိုးလမင်းလည်းသူ့အလင်းနှင့် အဆင်းနှင့်
မီးတိုင်ငယ်လည်း သူ့အစွယ်နှင့် အရွယ်နှင့်
စပယ်ဖူးလဲ သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့် ပိတောက်ဝါလဲ သူ့အခါနှင့် နံသာနှင့်
စမ်းချောင်းခွေလဲ သူ့ ချောင်းရေနှင့် လောင်းလှေနှင့် ဖြစ်ပါသည်။
မည်သည်အရာမဆို သူဂုဏ် သူ့သိမ် သူ့အရှိန်နှင့်သာ ရှိကြသည်သာတည်။
ကဗျာကို ဆက်ရေးရန် အခွင့်မသာပါ။
ကိုးအကြောင်းရေးပါသော် နဝင်းပညာက အလိုလို ပါလာတတ်သည်။
နဝင်းပညာနှင့် နဝင်းပညာကျင့်စဉ်များကလည်း ရေး၍ ကုန်နိုင်ဖွယ်ရာမမြင်ပါ။ ခက်ခဲနက်နဲသည် ဂမ္ဘီရ အတတ် ဖြစ်သည့် အပြင် နဝင်းကျင့်စဉ်ဖြင့် နိဗ္ဗာန်သို့ တိုက်ရိုက် ဝင်ရောက်နိုင်ပါသော ပညာသာဖြစ်ပါသည်။
နဝင်းကျင့်စဉ်သည် ဂဏနယ ကို အခြေခံသော သမကျင့်စဉ်ဖြစ်ပါသည်။ သမထကို အခြေခံ၍ သီလ နှင့် သမာ ဓိ ပညာ သိက္ဓာ( မဂ္ဂင်ရှစ်ပါး အကျင့်တရား) များကို တည်ဆောက်ရသည့်ပညာဖြစ်သည်။ စားလေးမည်စိုး၍ ဖော်ပြခြင်းမပြုတော့ပါ။
ယခုရေးနေသည်က ၉ အကြောင်းဖြစ်ပါသည်။
ဘုရား ဂုဏ်တော် ကိုးပါးရှိပါသည်။ ဂုဏ်တော် ကိုးပါးဆောင်နိုင်၍ ဘုရားဖြစ်သည်လော။ ဘုရားဖြစ်၍ သာ ဂုဏ်တော်ကိုး ပါး ဆောင်နိုင်သည်လော။ မည့်သို့ဆိုစေ ကိုး ၏ တန်ခိုး အကျိုး တရားသည် ဘုရားရှင်နှင့်တိုက်ရိုက်ပတ်သက်နေသည်မှာ
ငြင်းဆန်ရန် မဖြစ်နိုင်ပါ။ အောင်တရာ့ရှစ်ကွက် (၁၀၈) ဗုဒ္ဓစက် ဟူ ၍လည်းကြားဖူးကြပါလိမ့်မည်။ သံဃဂုဏ်တော် ကိုးပါး ကို လူတိုင်းသိပါသည်။
အဌာ ရဿ ၁၈ ရပ်သည် ပေါင်းခြင်းကို့း ဖြစ်သည်။ နက္ခတ်
၂၇ ပါး။ သောမဂြိုလ်သက်ပေါင်း ၃၆ နှစ် နှင့် ပါပ ဂြိုလ်သက်ပေါင်း ၇၂ နှစ် နှစ်ခု
ဂြိုလ်သက်ပေါင်း ၁၀၈ နဝင်းပေါင်း၁၀၈ ဆေးပေါင်း ၁၀၈ အာဝေနိက ဂုဏ်တော် ၁၈ပါး
စသည့် ပေါင်းခြင်း ၉ များ အကြောင်းကလဲ ရေး ၍ ကုန်နိုင်ဖွယ်ရာ မမြင်ပါ။
မောင်းကိုးမောင် သတ်ကိုးသတ်အကြောင်းရေးရင် မြန်မာ့တိုက်ခိုက်ရေးပညာကချန်လှပ်မရနိုင်။ရှာဖွေ၍သာ လေ့လာတော်မူကြပါ။
နဝရတ် ကိုးပါးကို အဆောင်အဖြစ် သုံးစွဲကြသည်လည်း မြင်တွေ့ ကြမည် ထင်ပါသည်။
မည်သို့ဆိုစေ ၉ သည် မြန်မာ နှင့် သော်လည်းကောင်း ကမ္ဘာ ပေါ်ရှိ မည်သည့် လူမျိုး နှင့်သော်လည်းကောင်း ကင်းကွာ၍မရစကောင်းပါ။ ကျန်ရှိပါသည့် ကိန်းဂဏန်းများကိုလည်း ပယ်ထား၍ မဖြစ်နိုင်။ ကိုး ကို မုန်း၍ ထိုင်ဆဲပါသော် ရန်မလုပ်။ သူ့တန်ခိုးနှင့် သူ တန်ဖိုးနှင့်သူ ဖြစ်ပါသည်။
မဟာဘူတ ဓါတ်လေးပါးရှိပါသည်။ ပထဝီ တေဇော အာပေါ ဝါယော ဟူ၍ ဖြစ်သည်။
ထိုလေးပါးသည် မူလ ဓါတ်ဖြစ်သည်။(မူလ)သည် ၄၅ ဖြစ်၍ ပေါင်းခြင်းကိုးဖြစ်သည်။
လေ မြေ ၄၅ ရေမီး ၄၅ မီးလေ ၅၄ မြေရေ ၅၄ ပေါင်း ခြင်းသည် ကိုး ဂဏန်း များသာရပါသည်။ (ဤနေရာတွင် ရ ကောက်ကို ရာဟု ဟူ၍ ကောက်ယူခြင်းမပြုပါ။ ဗုဒ္ဓဟူး ၄ ဟုသာ ကောက်ယုပါသည်။)
ဓါတ်လေးပါး ပြန်ပေါင်းသော် လည်း ကိုးသာလျှင် ရပါသည်။ လောကသည် မဟာဘူတ ဓါတ်လေးပါး သာ စိုးမိုးအုပ်ချုပ်ပါသည်။ မြေ ရေ လေ မီး မူလဓါတ်လေးပါးနှင့်လွတ်ကင်း၍ လောက သုံးပါး မဖြစ်နိုင်ပါ။ သတ္တ လောက သြကာသ လောက သင်္ခါ ရလောကသည် ဓါတ်လေးပါးသာလျှင်တည်း။
အထူးသဖြင့် စာရင်းအင်းပညာတွင် ၁၂၃၄၅၆၇၈၉၀ ကို ရှောင်ရှား၍ မဖြစ်နိုင်ပါ။
ကိန်းဂဏန်းအားလုံးကိုပေါင်းကြည့်ပါသော်ေ
၄၅ ရ၍ ပေါင်းခြင်းကလည်း ၉ ပင်ဖြစ်နေသည်မှာလည်း စိတ်ဝင်စားစရာကောင်းလှပါသည်။ကိန်းဂဏန်း ဆယ်လုံးပေါင်း သော် ၉ ရ ၍ သုညကို ချန်လှပ်ကာ ကိုးလုံးပေါင်းပါသော်လည်း ကိုးပင် ဖြစ်နေပါသည်။ ဂဏန်း ကိုးလုံးတွင် ကိုးသည် အကြီးအမှူး ဖြစ်နေပါသည်။
၉ ကို မည်သည့်ကိန်းနှင့်မြှောက်မြှောက် ရလာဒ် ၏ ပေါင်းခြင်းသည် ကိုးပင်ဖြစ်နေတတ်ပါသည်။ ကိုးအကြောင်းကား ရေး ၍ ကုန်နိုင်စွမ်း မည် မထင်ပါ။ ဤ မျှဆိုလျှင် ကိုးအကြောင်းကို အရစွဲ ၍ အနည်းငယ် လမ်းစဖော်ထုတ်လိုက်သည်။
တောင်းဆိုထားသူ ၏ ဆန္ဒပြည့်ပါ၍ ဆက်လက် လေ့လာနိုင်စေသော်။
မေတ္တာဖြင့်
ကိုနိုင်း
13;9/2017
3:06 PM

Tuesday, July 18, 2017
hhjfniii
https://linaungwai.blogspot.com/b/post-preview?token=bBPXVV0BAAA.RKFJqr0MHL2d-Yu0VcKCtfh72Bo2TLOeWMKVuD76NGpxP3LBNNnHLEJ8E4_oop_9pEEeBUX6ZEC5a5LbO9CFbQ.KwQlcr0A-AQReE5cqUzfyw&postId=2862274263977579312&type=POST&m=1
Tuesday, June 6, 2017
new idea
"Thought"
**********
Whenever the new good idea idea hit upon my mind, I felt like having a ball. You know, the thought that is difficult to catch them ourselves. Everybody knows, the most difficult thing is that how to catch the new thought which is float in the air, an imaginary world.
Although we got an idea, we had no chance to write it down because we are so busy.
Today,I was taking notes & write some facts on my face book timeline. It was the thought what I was thinking this morning and posted it.
But I had no chance to write it down in detail.
I forget it. it was slipped in my mind at the moment.
some of my friends, clicked it on the incomplete note, some clicked like, it is
showing they are please for my short notes,my idea. As for me, it makes me troubles. Especially there is no words,
I mentioned the word nothing.
Actually, i did not know what I was writing about. I posted nothing.
I need to rethink again and again.
If so,
wai lin aung

ငွေပေးကူခြင်း
ငွေပေး ၍ ကူ ညီခြင်းသည် ဘဝမြင့်တက်လာ၍ ဟန်ချက် မညီနိုင်ပါ။ သုတေသန ပြုထားသော ရလာဒ်ရှိပါသည်။ အပြောမဟုတ်ပါ။ ပရဟိတ ၏ ဘေးထွက်ဆိုးကျိုး ပါ။ ပရဟိတတိုင်းကို ဆိုလိုသည်မဟုတ်။ အလုပ်အကိုင် အခွင့်အလမ်းနှင့် အတူ ကိုယ်ရည် ကိုယ်သွေးကို မြှင့်တင်ပေးခြင်း ကျွမ်းကျင်မူ တခုခု ကို ပျိုးထောင် ပေးခြင်းတို့လိုအပ်သည်။ ထိုသို့မဟုတ်ပါက အချောင်သမား မွေးမြူ ရေး သာ
Thursday, June 1, 2017
အဖိနှိပ်ခံတို့ အသံ: သူရို့ကလည်း တမှောက် (၃)
အဖိနှိပ်ခံတို့ အသံ: သူရို့ကလည်း တမှောက် (၃): မြန်မာတိုင်းရင်းသားဖြစ်ချင်လို့ တဲ့။ ကိုယ်လူမျိုးတွင် ဂုဏ်ယူ နိုင်လောက်သော အမျိုးသားရေးလက္ခဏာ ဘာတစ်ခုမျှ မရှိခြင်း ကြောင့် သူတစ္ပါးလူမ်...
Subscribe to:
Posts (Atom)