Monday, August 22, 2016

လွတ်မြောက်နယ်မြေ

လွတ်မြောက်နယ်မြေ
********-******
လူဟူသည်
********
လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီး နိုင်ခွင့် ရအောင် သိသိသာသာတဖုံ မသိမသာ တနည်း ကြိုးစားလျှက်နေကြလေကုန်၏။

 လူတဦးကလူတဦးအပေါ် အသင်းအဖွဲ့တခုက နောက်အသင်းအဖွဲ့အပေါ်နိုင်ငံတနိုင်ငံက နောက်နိုင်ငံတနိုင်ငံအပေါ် ယဉ်ကျေှးမှု အရသော်လည်းကောင်း ဘာသာရေးအရသော်လည်းကောင်း စီးပွားရေးအရသော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း လွှမ်းမိုးနိုင်ခွင့် ချုပ်ကိုင်နိုင်ခွင့် အုပ်စီးနိုင်ခွင့်ကို ကြိုးစားလျှက်နေကြလေကုန်၏၊

ဆန့်ကျင့်ဘက်အကျိုးပေး
*******************
အမှန်ဆိုသော် ထိုသို့ ကြိုးစားနေပါသော်လည်း လက်တွေ့နယ်ပယ်တွင် အမှန်တကယ်လွှမ်းမိုးချုပ်
ကိုင် ပိုင်ဆိုင်ခွင့်ကား မရပါချေ၊ ကာလတစ်ခု တွင်လွှမ်းမိုးချုပ်ကိုင် ပိုင်ဆိုင်ခွင့် ကို ရကောင်းရမည်ဖြစ်ပါသော်ငြား သူတပါးကို လွှမ်းမိုးချုပ်ကိုင်လေလေ တပါးသူ၏ လွှမ်းမိုးခြင်းလက်အောက်သို့ ရောက်ရှိလေလေပင်ဖြစ်လေသည်။
အဘယ့်ကြောင့်ပါနည်း။

အကြောင်းအကျိုး
***********
လွှမ်းမိုးချုပ်ကိုင်မှုကို မက်မောကြသောလူသားတို့သည် ဥစ္စာ ဓန အင်အား၊ အာဏာအင်အား၊ သြဇာအင်အားမရရအောင်မနေမနား ကြိုးစားကြရလေသည်။ အဆိုပါ အင်အားများသည်ကား လူသားတို့အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သော အဓိက အင်အားများဖြစ်ပါပေ၏။

အဆိုပါအင်အားများကို ရအောင်ကြိုးစားရင်း လူသည် တဖြည်းဖြည်း လွတ်လပ်ခြင်းမှ ဆိတ်သုဉ်းလာပြီး အဆိုပါ အင်အားတို့၏ တန်ပြန်ချုပ်နှောင် အချည်အတုတ်ခံရလေတော့သည်ကို ဆင်ခြင်သိဖြင့်သိနိုင်သဖြင့် အကျယ်မဆိုတော့ပြီ။

လွတ်လပ်နယ်မြေ
*****-***---**
လွှမ်းမိုးမူ အပေါင်းမှ လွတ်မြောက်နေသောနေရာသည် အမှန်တကယ်ရှိ၏၊ ဥစ္စာဓန ဖြင့်သော်လည်းကောင်း၊ အာဏာဖြင့်သော်လည်းကောင်း သြဇာဖြင့်သော်လည်းကောင်း လွှမ်းမိုးခြင်းသည် လောကတွင်ရှိ၏၊ဆန့်ကျင်ဘက်အားဖြင့် အဖြူရှိလျှင် အမဲရှိပါသည်၊ အလင်းရှိသော် အမှောင် သည်ရှိစမြဲ၊ အပူ ရှိခြင်းကြောင့် အအေးသည် ရှိ၏၊

လွှမ်းမိုးခံရသော အကြောင်းများရင်းများ ကို ပယ်ရှားနိုင်သောသူ သည် လွှမ်းမိုးခြင်းအပေါင်းမှ လွတ်ကင်းနေသည်မဟုတ်ပါလား၊ လွှမ်းမိုးခြင်းအပေါင်းမှလွတ်ကင်းသူသည် လွမ်းမိုးခြင်းကင်းသော လွတ်လပ်နယ်မြေတွင် ရှိနေသည်မဟုတ်ပါလား။

သို့ကြောင့်ပင် လွှမ်းမိုးမူအပေါင်းမှ လွတ်မြောက်နယ်မြေသည် အမှန်တကယ်ရှိသော နယ်မြေဖြစ်သည်။
လွတ်မြောက်နယ်မြေရှိလျှင် လွတ်မြောက်နေသော
သူလည်း
အမှန်တကယ်ရှိလေသည်။

လွှမ်းမိုးမူ အပေါင်းမှ အလုံးစုံ
လွတ်မြောက်နေသူ အမှန်တကယ် ရှိလျှင် လွတ်မြောက်နယ်မြေသည် လည်း အမှန်တကယ်ရှိလေသည်။
ထိုနေရာကား+++++++

ကိုဧည့်သည်
May 17 .2016
11:07 AM

1 comment:

  1. လွန်
    ****
    #အားနာ လွန်သွား တဖက်သား
    အခွင့်ရေးသမား ဖြစ်သွားတယ်။
    #ကိုယ်လဲ ရှုံးကာ အပြစ်ဘယာ
    နစ်နာ၍သာ ကျန်ခဲ့တယ်။

    #ခွင့်လွှတ်လွန်သွား တဖက်သား လူရမ်းကားသာ ဖြစ်သွားတယ်။
    #ကိုယ်လဲလူညံ့ လူဖျင်းမှတ်
    အရပ် လက်ညိုးထိုး ခံရတယ်။

    #အချစ်လွန်သွား တဖက်သား
    အတ္တသမား ဖြစ်သွားတယ်။
    #ကိုယ်လဲ ကျိုး မများ ဘယာပွား
    အလကား တန်ဖိုးမဲ့ ရတယ်။

    ယုံကြည်လွန်သွား တဖက်သား
    အလကား လူညွန့်တုံးတော့တယ်။
    ကိုယ်လည်းဆုံးရှုံး မိတ်ဆွေမုန်း
    သူလည်း ဘဝ တုံးတော့တယ်။

    အားနာချစ်တတ်ခွင့်လွှတ်အပ်
    မပြတ်ဉာဏ်ယှဉ်သင့်လှတယ်။
    #ဝေဖန်ပိုင်းခြား ပညာအား
    သူကျိုး ကိုယ့်ကျိုးကို ဆောင်လိမ့်မယ်။ ။

    ကိုဧည့်သည်
    8 August at 10:48 · Friends

    ReplyDelete