Tuesday, January 10, 2017

လို

တခုလို
*******
ကံရှိပေ ငြား
ဥာဏ်နည်းပါးသူ
ဝိရိယ ကူ လည်း
အကျိုးနည်း၏။       ။

ိဝိရိယ ပြောထူ
ဥာဏ် ပင် ကူ ငြား
ကံနည်းပါး၍  အကျိုးမရ
ဖြစ်တတ်စွ ၏။           ။

ရှေ့ကံကြီး  ပြန်
ဥာဏ်ယှဉ် ပြန်လည်း
ဝိရိယ အားထုတ်
အလုပ်မလုပ်က
ဖျဉ်းသိမ် သေးနုပ်
အကျိုးယုတ်၏။           ။

ကို ဧည့်သည်
Nov17, 2015
9:00 pm

ံ

3 comments:

  1. ကံ ဉာဏ် ဝိရိယ
    ************
    ကံရှိပေ ငြား
    ဥာဏ်နည်းပါးသူ
    ဝိရိယ ကူ လည်း
    အကျိုးနည်း၏။ ။

    ဝိရိယ ပြောထူ
    ဥာဏ် ပင် ကူ ငြား
    ကံနည်းပါး၍ အကျိုးမရ
    ဖြစ်တတ်စွ ၏။ ။

    ရှေ့ကံကြီး ပြန်
    ဥာဏ်ယှဉ် ပြန်လည်း
    ဝိရိယ အားထုတ်
    အလုပ်မလုပ်က
    ဖျဉ်းသိမ် သေးနုပ်
    အကျိုးယုတ်၏။ ။

    အောင်လင်းဝေ
    Nov17, 2015
    9:00P

    ReplyDelete
  2. မကြောက်သင့်
    **********
    လူသည် ကြောက်တတ်သည်။ သေရမှာကို ကြောက်သည်။ စီးပွားပျက်မှာ ကိုကြောက်သည်။ထမင်းငတ်မှာကိုကြောက်သည်။
    ဆင်းရဲမှာကို ကြောက်သည်။ အလိမ်ခံရမှာကိုကြောက်သည်။ အနိုင်ကျင့်ခံရမှာကို ကြောက်သည်။ မင်းမဲ့ စရိုက်လွှမ်းမိုးမှာကိုကြောက်သည်။တရားဥပဒေ စိုးမိုးခြင်းမရှိမှာကြောက်သည်။

    အကြောက်တရားကြောင့် အဆွေခင်ပွန်းဖွဲ့သည်။ အသင်းအဖွဲ့ဖွဲ့သည်။ အဝန်းအဝိုင်းတည်ထောင်သည်။ အပြန်အလှန် အားကိုးမူပြု ရန် ဝန်းကျင်းကောင်းကို တည်ဆောက်သည်။ သဟဇာတ အညမညကိုတည်ဆောက်၍ အပြန်အလှန်ကူညီသည်။ပေးဆပ်သည်။

    တကဲ့ဖြစ်စဉ်တွင်
    ထိုအကြောက်တရား ကြောင့်သည်ပင်လျှင် လိမ်ညာခြင်းကို ခံရပြီး ကြောက်မိသော အန္တရာယ်ကို တည့်တည့်တိုး တော့သည်။
    အမှန်မှာဥပဒေကိုမချိုးဖောက်သမျှ ကြောက်စရာမဟုတ်ချေ။

    ကြောက်သည့်အတွက် မိတ်ဆွေဖွဲ့သည်။မိတ်ဆွေဖွဲ့စဉ်တွင် မိတ်ဆွေတု အယောင်ဆောင် အချောင်သမားများ ရောနှောကာ ပါလာတော့သည်။ မိတ်ဆွေဟုယူဆရသူ တို့ကို အကြောက်တရားကိုပြောမိသည်။ပြောတတ်သည်။ ထိုကြောင့် အခွင့်အရေးကိုမျှော် ၍ ဟန်ဆောင်မိတ်ဖွဲ့လာသူတို့၏ အလိမ် အပတ်ကို ခံရတော့သည်။

    ကိုနိုင်း
    Feb 17, 2017
    9:00 pm

    ReplyDelete
  3. တဒင်္ဂ
    ****
    မရှိ ရှိမဲ့
    အသိ တရား
    ဉာဏ အားဖြင့်
    မထင် မရှား
    ရပ်တည်ခွင့် ရ
    တစ်ခဏ အဲဒါ လူ့ဘဝ။ ။

    ကို ဧည့်သည်
    Feb 2, 2017
    2:43AM'

    ReplyDelete