လွတ်မြောက်နယ်မြေ
********-******
လူဟူသည်
********
လူသားတို့သည်တဦးနှင့်တဦး အပေါ်တွင် လွှမ်းမိုးနိုင်ခွင့်၊ချု့ပ်ကိုင် အုပ်စီး နိုင်ခွင့် ရအောင် သိသိသာသာတဖုံ မသိမသာ တနည်း ကြိုးစားလျှက်နေကြလေကုန်၏။
လူတဦးကလူတဦးအပေါ် အသင်းအဖွဲ့တခုက နောက်အသင်းအဖွဲ့အပေါ်နိုင်ငံတနိုင်ငံက နောက်နိုင်ငံတနိုင်ငံအပေါ် ယဉ်ကျေှးမှု အရသော်လည်းကောင်း ဘာသာရေးအရသော်လည်းကောင်း စီးပွားရေးအရသော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း လွှမ်းမိုးနိုင်ခွင့် ချုပ်ကိုင်နိုင်ခွင့် အုပ်စီးနိုင်ခွင့်ကို ကြိုးစားလျှက်နေကြလေကုန်၏၊
ဆန့်ကျင့်ဘက်အကျိုးပေး
*******************
အမှန်ဆိုသော် ထိုသို့ ကြိုးစားနေပါသော်လည်း လက်တွေ့နယ်ပယ်တွင် အမှန်တကယ်လွှမ်းမိုးချုပ်
ကိုင် ပိုင်ဆိုင်ခွင့်ကား မရပါချေ၊ ကာလတစ်ခု တွင်လွှမ်းမိုးချုပ်ကိုင် ပိုင်ဆိုင်ခွင့် ကို ရကောင်းရမည်ဖြစ်ပါသော်ငြား သူတပါးကို လွှမ်းမိုးချုပ်ကိုင်လေလေ တပါးသူ၏ လွှမ်းမိုးခြင်းလက်အောက်သို့ ရောက်ရှိလေလေပင်ဖြစ်လေသည်။
အဘယ့်ကြောင့်ပါနည်း။
အကြောင်းအကျိုး
***********
လွှမ်းမိုးချုပ်ကိုင်မှုကို မက်မောကြသောလူသားတို့သည် ဥစ္စာ ဓန အင်အား၊ အာဏာအင်အား၊ သြဇာအင်အားမရရအောင်မနေမနား ကြိုးစားကြရလေသည်။ အဆိုပါ အင်အားများသည်ကား လူသားတို့အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သော အဓိက အင်အားများဖြစ်ပါပေ၏။
အဆိုပါအင်အားများကို ရအောင်ကြိုးစားရင်း လူသည် တဖြည်းဖြည်း လွတ်လပ်ခြင်းမှ ဆိတ်သုဉ်းလာပြီး အဆိုပါ အင်အားတို့၏ တန်ပြန်ချုပ်နှောင် အချည်အတုတ်ခံရလေတော့သည်ကို ဆင်ခြင်သိဖြင့်သိနိုင်သဖြင့် အကျယ်မဆိုတော့ပြီ။
လွတ်လပ်နယ်မြေ
*****-***---**
လွှမ်းမိုးမူ အပေါင်းမှ လွတ်မြောက်နေသောနေရာသည် အမှန်တကယ်ရှိ၏၊ ဥစ္စာဓန ဖြင့်သော်လည်းကောင်း၊ အာဏာဖြင့်သော်လည်းကောင်း သြဇာဖြင့်သော်လည်းကောင်း လွှမ်းမိုးခြင်းသည် လောကတွင်ရှိ၏၊ဆန့်ကျင်ဘက်အားဖြင့် အဖြူရှိလျှင် အမဲရှိပါသည်၊ အလင်းရှိသော် အမှောင် သည်ရှိစမြဲ၊ အပူ ရှိခြင်းကြောင့် အအေးသည် ရှိ၏၊
လွှမ်းမိုးခံရသော အကြောင်းများရင်းများ ကို ပယ်ရှားနိုင်သောသူ သည် လွှမ်းမိုးခြင်းအပေါင်းမှ လွတ်ကင်းနေသည်မဟုတ်ပါလား၊ လွှမ်းမိုးခြင်းအပေါင်းမှလွတ်ကင်းသူသည် လွမ်းမိုးခြင်းကင်းသော လွတ်လပ်နယ်မြေတွင် ရှိနေသည်မဟုတ်ပါလား။
သို့ကြောင့်ပင် လွှမ်းမိုးမူအပေါင်းမှ လွတ်မြောက်နယ်မြေသည် အမှန်တကယ်ရှိသော နယ်မြေဖြစ်သည်။
လွတ်မြောက်နယ်မြေရှိလျှင် လွတ်မြောက်နေသော
သူလည်း
အမှန်တကယ်ရှိလေသည်။
လွှမ်းမိုးမူ အပေါင်းမှ အလုံးစုံ
လွတ်မြောက်နေသူ အမှန်တကယ် ရှိလျှင် လွတ်မြောက်နယ်မြေသည် လည်း အမှန်တကယ်ရှိလေသည်။
ထိုနေရာကား+++++++
ကိုဧည့်သည်
May 17 .2016
11:07 AM
Monday, August 22, 2016

Sunday, August 21, 2016
Wednesday, August 10, 2016
သည်လိုလူစား
ပြုံးမိသည်
*******
အိပ်ယာမှ နိုးထခဲ့ လေပြီ။ ခေါင်းရင်က ဖုန်းကို လက်ဖြင့်စမ်းလိုက်၏။ စမ်းရင်း ပြုံးမိပါသည်။ ကိုယ်လိုလူစား ဘယ်လောက်များ နေပြီနည်း။ သုတေသန လုပ်သင့်သည်။ အရေ မရ အဖတ် မရ လုပ်သူတို့ များလေလေ နိုင်ငံတော် ဆင်းရဲ လေလေ။
ထွက်ကုန်မရှိသော နိုင်ငံသည် ဆင်းရဲ၏။ ကုန်ထွက်များပါက ချမ်းသာသည်။
ထွက်ကုန်မရှိသော ထုတ်ကုန်မရှိသော သူသည် နိုင်ငံသည် အဘယ်မှာလျှင် ချမ်းသာ နိုင်အံနည်း။
တချို့ ထုတ်ကုန်မရှိ။ ဝန်ဆောင်မူရှိသည် ထိုကြောင့် ချမ်းသာသည်။ တချိုကား ရောင်းဝယ်မူ ရှိသည်။ တချို့ ကားကုန်သွယ်မူ ရှိသည်။ ထိုကြောင့် ချမ်းသာနိုင်၏။ မချမ်းသာ လင့်ကစား မချို့ တဲ့ ချေ။ မဆင်းရဲနိုင်။
ကဗျာရေးသည်။ စာရေးသည်။ ရေးနိုင်သည်က အတိုအစသာ။ အသိဥာဏ်ဆိုင်ရာ ထုတ်ကုန်ဟု ကြံဖန်ဂုဏ်ယူသော်လည်း ထိုအလုပ်ကား ဝင်ငွေမရ။ ကုန်ပေါက်သာလျှင် ဖြစ်သည်။ ဝင်ငွေမဖြစ်သော ဟန်ပြလုပ်ငန်းသာဖြစ်သည်။ ဟန်ပြလုပ်ငန်းမှန်သမျှ အကျိုး မရှိနိုင်။
ရေးသည်က နိုင်ငံတော်တည်ဆောက်ရေး။ အဖြစ်က ကိုယ့်ကိုကိုယ်ပင် တည်ဆောက်နိုင်ခြင်းမရှိ။ အဖြစ်ဆိုးပေစွ။
သည်လိုလူစား ဗမာပြည်တွင်ဘယ်လောက်များပြီနည်း။ တွေးမိရင်း ပြုံးမိပါသည်။
ကိုအောင်ဟိန်း

Sunday, July 24, 2016
ကျောက်ကပ်
ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
=================================
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊
ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။
.
သိန်းထောင်ချီ၍ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။
ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။
အချိန်အခိုက်အတန့်တခုသာထိန်းထားနိုင်ပြီး မရဏမင်းထံ
သွားရသည်သာများပါသည်။
.
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း
သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း
ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည်
ခံစားနေရသူများသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ
အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
.
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။
သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။
ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE
ကုသနည်းပါ။အနောက်နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုး
များပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန်
ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
.
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့်
fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။
ယခုတင်ပြသောဆေးနည်းမှာကျွန်တော်တို့မိသားစု
ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
.
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။
(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါက
ဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျားပီသစေပါသည်)
.
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။
လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။
အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။
အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။
ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
.
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ
ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့
အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ဖြေးဖြေးသက်သာလာပါမည်။
.
၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊
မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။
.
သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။
ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။

Subscribe to:
Posts (Atom)