Monday, September 25, 2017
တွဲခေါ်
အနာဂါတ် ခရီးသို့ အတူတူ သွားစို့ 
****************************
စာပေကို ဝါသနာပါသူတိုင်း ဖေ့ဘုတ် ကြီးပေါ်တွင် စာရေးကြသည်။ဝါသနာတူ မိတ်ဆွေများကို  ကြို ဆိုပါ၏။ လက်ကမ်းပါ၏။ ဖိတ်ခေါ်ပါ၏။
မည်သူမဆို ဝင်ရောက် ရေသားနိင်သော ဖေ့ဘုတ် စာအုပ်ကြီး ပေါ်တွင် ငြင်းခုံကြသည်။ တိုက်ခိုက်ကြသည်။ ဆွေးနွေး ကြသည်။ နှီးနှောကြသည်။  တိုင်ပင်ကြသည်။ စကြ နောက်ကြသည်။ ----ကြသည် ----ကြသည်။
တချို့ ကား ကဗျာ။ တချို့ကားစကားပြေ စသည်ဖြင့် ဝါသနုာ အလျောက် ရေးသားကြပေသည်။
ကာတွန်းရေးသူများ ပန်ချီဆွဲသူများ ဓါတ်ပုံဝါသနာရှင်များကလည်း အနမတဂ္ဂ။ ဖေ့ဘုတ်သည် ရောင်စုံပန်း အမျိုးမျိုး ပွင့်ဖူး ၍ လှပသာယာနေသော ဥယျာဉ်ကြီး ဖြစ်သည်။
ဝါသနာကလည်း အမျိုးမျိုး ဖြစ်ကြလေသည်။ဖေ့ဘုတ်ကြီးသည် နိုင်ငံရေး လူမူရေး ဘာသာရေး ပညာရေး စီးပွားရေး စသည်ဖြင့် ဘက်ပေါင်းစုံ ကဏ္ဍ အသီသီး ထွန်းလင်းတောက်ပခွင့်ကို ရရှိနေသော နေသော ပြည်သူလူထု၏ အားထားစရာ နေမင်းကြီးပမာ ဖြစ်သည် ဆို လျှင် မမှားနိင်ချေ။
သိုသော်
ထိုသို့ သော်ကား တခြားမဟုတ်။ ဆရာကြီး လုပ်မည့် သို့ သော်တည်း။ အမြင်ကတ်ခြင်းခံရမည့် သို့သော်တည်း။ စေတနာ အရင်းအနှီးပြု မဝံမရဲ ဆိုရပေမည် အမှုပေတည်း။
တခြားမဟုတ်ပါချေ။ တဦးနှင့်တဦး ဆက်သွယ်ကြသည်က မြန်မာစာ။ မြန်မာ့ စကား။ ထိုကြောင့် ခွန်အားကောင်းသောစာဖြစ်ရန်   လိုသည်။ စကားပြေနှင့် စကားပြော ကွဲရန်လိုသည်။ အချိတ်အဆက် မိရန်လိုသည်။ စကားလုံးသုံးစွဲပုံ ခိုင်မာရန်လိုသည်။ ဝါကျ အထားအသို မှန်ရန်လိုသည်။ ရှင်းလင်းရန်လိုသည်။ ဒေါသ မသင့်ရန်လိုသည်။ သတ်ပုံ သတ်ညွှန်း ဂရုစိုက်ရေးသားရန်လိုသည်။ရသမြောက်ရန် လိုသည်။  
ထိုကြောင့် ဝိုင်းဝန်းကြိုးစား ပြင်ပေးကြပါစို့ ။ နှီးနှောတိုင်ပင်ကြပါစို့ ။ လက်တွဲ ခေါ်ယူ ကြပါစို့ ။
လက်တွဲ ခေါ်ငင်ပေးကြပါစို့ ဟု
ကိုအောင်ဟိန်း
19th November 2015.
9:30 AM
No comments:
Post a Comment