Friday, October 20, 2017

လွန်

အသိလို   အသိလွန်
*************
လူသည် သိသည်။ သက်ရှိများကြားတွင် အသိဥာဏ် မြင့်သည်က လူဖြစ်သည်။

လူသည် သိလိုသည်။ သိလိုသဖြင့် ကျိုးစားသည်။ ရှာဖွေသည် ။ လေ့လာသည် ထိုကြောင့်ပင် အခြားသော သတ္တဝါ များစွာထက် ပို၍ သိသည်။

သိခြင်းသည်ကောင်း၏။ အမှားအမှန် ပိုင်းခြားသိလျှင် ပိုကောင်း၏။  သဘာဝကိုသိခြင်း ဓမ္မ ကိုသိခြင်းသည် အကောင်းဆုံးဖြစ်၏။

သိလျှင် သက်သာ၏။ မသိလျှင် မသက်သာ။ ဘာမှန်း မသိ၍ ညာမှန်းမသိသူလည်း လောက တွင် များလှပေသည်။ *ဘာမှန်းမသိ ညာမှန်းမသိ* ဟူ၍ ပြောဆိုသုံးစွဲကြပါသည်။

အဝိဇ္ဇာ တည်းဟူသော မသိမူ အကြောင်းကြောင့် သင်္ခါရ တွေဖြစ်တော့၏။
တွေ့ထိမှ လည်း သိနိုင်သည်။ ထိသော်လည်း မောဟ ကြောင့်  မသိသူလည်းရှိသည်။ မသိပါက ခံရမည်မှာ သေချာလှသည်။

မိတ်ဆွေကို ရန်သူဟု ထင်မှတ်ခြင်း ရန်သူကို မိတ်ဆွေဟု သိခြင်းလည်း အသိမှားဖြစ်သည်။

အမှန်မသိပါ သော် ခံရမည်မှာ သေချာလှသည်။

 တွေ့ ထိသမျှ ဟူသမျှကို ဖဿ       ဟုခေါ် သည်။ ဖဿ       ပစ္စယာ ဝေဒနာ ပင် မဟုတ်ပါလား။ ဝေဒနုာသည် ခံစားမူ စံစားမူ ကိုဖြစ်စေသည်။ ပါဠိလို ဆိုရ သော် သု ခ နှင့်ဒုက္ခ ဖြစ်၏။

ဆိုလင့်ကစား  ထိသော်ငြား သိသော်ငြား သိခွင့် ရပါငြား
အသိ တခုလိုသော် သို့တည်းမဟုတ် အသိ တခုလွန်သော် အလွဲသိဖြစ်ပါ၍  စာကအမှန် လက်ညိုးထိုး မှာ လွဲ တော့သည်။

*ရဟန်းပုဂ္ဂိုလ်လူထိုထို စာကို ကျင့်သုံး၏။ စာက မှန်၏ ဉာဏ်မ မိ ထိအောင်သူ မသိ* ဟူ ၍ လယ်တီဆရာတော်ဘုရားက ရေးသားခဲ့ပါသည်။

ထိုကြောင့် သိသော်လည်း မမှန် ။ မှန်သော်လည်း မဟုတ်။ ဟုတ်ကားဟုတ်သည် ဟုတ်သော်လည်း မတည့်တော့ ချေ။

ကိုအောင်ဟိန်း
7/26/2017
11:43 am

No comments:

Post a Comment